Wednesday, November 28, 2012

MNZ ငွေရေစက်

URANUS Co., Ltd. မှ တင်သွင်းရောင်းချသည့် MNZ အမှတ်တံဆိပ် ငွေရေစက်များသည် ....

- ရာစည်းအုပ်များထဲမှ ငွေလျော့ခြင်း ကင်းဝေစေသဖြင့် အမှန်တကယ် စိတ်ချမ်းသာရမှု၊

- အကြမ်းခံပြီး ငွေစက္ကူအဟောင်းအနွမ်းများ ရေတွက်နိုင်၍ အမှန်တကယ် အသုံးဝင်မှု၊

- မြန်မာငွေစက္ကူများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းကြောင့် မြန်နှုန်းမြင့်ရေတွက်ရာတွင် အခြားငွေရေစက်များထက် မှန်ကန်တိကျမှု၊

- (ပစ္စည်းတန်ဖိုး+လက်ခ) တစ်ကျပ်မကုန် အာမခံရက် ၁၀၉၅ ရက် (၃)နှစ် အာမခံကဒ်ပြားပါရှိမှု၊

- စက်ရုံမှ တိုက်ရိုက်မှာယူတင်သွင်းရောင်းချ၍ စက်အပိုပစ္စည်း အလွယ်တကူ ၀ယ်ယူနိုင်မှု၊

- ရှားရှားပါးပါးပျက်ခဲ့လျှင် ၂၄နာရီအတွင်း တာဝန်ယူဖြေရှင်းပေးနိုင်မှုနှင့် ခေတ္တအစားထိုးသုံးစွဲနိုင်ရန် စီစဉ်ပေးနိုင်မှု၊

စသည့် ၀ယ်သူလိုအပ်ချက်များ အားလုံးနှင့် ပြည့်စုံပါသည်။


ငွေတစ်သောင်းနှင့်အထက် နေ့စဉ် အကြိမ်ကြိမ်လက်ခံရေတွက်နေရသော လုပ်ငန်းများ (ဥပမာ-စားသောက်ဆိုင်၊ စူပါမားကတ်၊ အရောင်းပြခန်းနှင့် လက်လီအရောင်းဆိုင်များ)၊ ငွေသား ကျပ် သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ နေ့စဉ်စာရင်းရေးသွင်းတွက်ချက်နေရသော ကုမ္ပဏီများ၊ တန်ဖိုးကြီး ပစ္စည်းများရောင်းချခြင်းဖြင့်လည်းကောင်း၊ ၀န်ဆောင်မှုပေးခြင်းများဖြင့်လည်းကောင်း ၀င်ငွေရှာ၍ ၀ယ်သူ စိတ်ကျေနပ်မှုအား အထူးအလေးထားသည့်လုပ်ငန်းများ၊ ဘဏ်များ၊ အချိန်နှင့်အမျှ ၀င်ငွေရှာပေးနိုင်သည့် ၀န်ထမ်းများ၏ အဖိုးတန်လုပ်ငန်းချိန်များအား အကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲလိုသည့် ကုမ္ပဏီများ၌
သုံးစွဲရန် အထူးသင့်လျော်သည်။

No comments:

Post a Comment